မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 53 ၅၃ ကျေးဇူးမြတ်နိုးဘွယ်သံ။ သီချင်းစာသားများ
၁ ကျေးဇူးမြတ်နိုးဘွယ်သံ၊
ငါ့နား၌ချိုလှလေ။
ကောင်းကင်ဗိမာန်ပဲ့တင်တီးသံ။
လူပေါင်းနားကြားပါစေ။
၂ ပြစ်ရှိသူတို့ကျွတ်ခြင်း
ကျေးဇူးတော်ကြံစည်ရာ၊
အစကပင်အဆုံးလည်းဝင်။
အံ့ဩမကုန်နိုင်ပါ။
၃ ငါလမ်းမှားမိလေသော်၊
ကျေးဇူးတော်ကြောင့်ပြောင်းရာ။
ရွှေပြည်ဘုံတော်မှီရောက်အံ့သော်၊
ငါ့ကျေးဇူးတော်ကိုးပါ။
၄ သုခဘုံသို့ရောက်သော်၊
မျက်နှာတော်မြတ်ဖူးလျှင်၊
မြတ်ကျေးဇူးတော်အထူးအံ့ဩ။
ချီးမွမ်းပါစေ၊ အာမင်။
