Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 4 ၄ နံနက်သီချင်း။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 4 ၄ နံနက်သီချင်း။ သီချင်းစာသားများ

 

၁ နိုးလော့၊ အိုငါ့နံဝိညာဉ်၊
ကျေးဇူးကျူးဆိုလော့သီချင်း။
သင့်အသက်အုပ်စိုးရှင်သည်၊
ညလုံးစောင့်ထိန်းတော်မူ၏။

၂ ကြည့်ရှုစွမ်းအားကြီးသောနေ၊
ဘုန်းတန်ခိုးတော်ထင်ရှာစေ။
လှည့်ပတ်လျက်၊ နေ့ရက်အစဉ်
ဝတ်ပြုသည်၊ အမိန့်တော်ကျင့်။

၃ သံချိုငှက်အမျိုးလုံးစုံ
ဝမ်းမြောက်လျက်နှင့်ကျူးရင့်ကုန်။
ဖန်ဆင်းသောရှင်၊ ဘုန်းတော်ကို
မြေသားမျိုးတို့ချီးမွမ်းဆို။

၄ ထိုသာယာစွာသီချင်းနှင့်၊
ငါ့သံလည်းညီညာမြည်သင့်။
နားတော်ကြားဘွယ်ထောမနာ
ပြုနိုင်အောင်မစဘုရား။

၅ ကျွန်ုပ်ကို၊ အသက်ထက်ဆုံး၊
စောင့်ထိန်းတော်မူပါ၊ လူ့ဘုံ။
သေမင်းလှံယဉ်ထိုးသောအခါ၊
ပေါ်သို့ချီကြွဆောင်ယူပါ။

၆ နေ၊ လရောင်အလိုမရှိ၊
ညဉ့်အရိပ်မကျသောပြည်၊
ချမ်းသာစံလျက်၊ စိတ်မွေ့လျော်၊
ဂုဏ်တော်ချီမ်းမွမ်းကျူးစေသော။

 

Exit mobile version