Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 392 ၃၉၂ သာယာသောပြည်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 392 ၃၉၂ သာယာသောပြည်ကျူး။ သီချင်းစာသားများ

 

၁ ငြိမ်သက်သာယာပြည်
ရှိသည်ရပ်ဝေး၊
သန့်ရှင်းသူမြတ်ထိုပြည်
ရောင်အဝါနေ။
နားထောင်၊ သီချင်းသံချို၊
ကယ်ပိုင်တော်မူသောရှင်ကို
သူတို့ချီမွမ်းသီဆို၊
မပြတ်အစဉ်။

၂ ထိုရွှင်မြူးစေသောပြည်
သွားကုန်ပါလေ။
ဘယ်သို့စိုးရိမ်သနည်း
ဘယ်ကြောင့်ဆိုင်းနေ။
ထိုပြည်သို့ဒို့ရောက်လျှင်၊
ပူပန်ခြင်းပြစ်များနှင့်ကင်း။
ဖူမြင်မည်၊ ကျေးဇူးရှင်၊
ချမ်းသာအစသ်။

၃ ထိုပြည်သူမျက်စိများ
ထွန်းတောက်ပလေ။
အဘစောင့်တော်မူခါ၊
မေတ္တာမသေ။
ဒို့အားလုံးဝင်ပြီးမှ၊
ထိုင်မည်နန်းတော်နေထက်လှ
အိမ်သူအိမ်သားချစ်ခင်၊
မေတ္တာအစဉ်။

တုန့်ပြန်ရန်ကျူး။ ၃၉၂(က)၊ ၃၉၂(ခ)
အာမင်၊ အာမင်။ အာမင်၊အာမင်

 

Exit mobile version