Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 390 ၃၉၀ စဉ်မပြတ်ထွန်းတောက်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 390 ၃၉၀ စဉ်မပြတ်ထွန်းတောက်ကျူး။ သီချင်းစာသားများ

 

၁ နေထွန်းတောက်သောပြည်ရှိပေသည်
ကောင်းကင်ပြင်စဉ်ကြည်လင်၊
ညမှောင်ရိပ်ဘယ်ခါမရှိပြီ။
အလင်းကားကယ်ချွတ်ရှင်။

ထပ်ဆိုရန်။
နှိမ့်ချစွာကားတိုင်ထမ်းလျှင်၊
သရဖူဆောင်းရမည်။
ထွန်းတောက်သာယာပြည်တော်တွင်
သန့်ရှင်းသူနှင့်စိုးစံမည်။

၂ ငြိမ်သက်သာယာဥတုရှိသည်၊
ပင်လယ်တဘက်ကမ်းမှာ။
မုန်တိုင်းမျိုးမျိုးငြိမ်သက်ရသည်၊
ထိုမှာဘဏ္ဍာသိုထား။

၃ သန့်ရှင်းအိမ်တော်မြတ်ရှိပေသည်၊
ကောင်းကင်အိမ်တော်မြတ်တည်း။
ငါတို့ချစ်ခင်သောသူများသည်၊
ဝမ်းမြောက်စွာကြိုဆိုမည်။

၄ လောကပျက်စီးခြင်းကိုလွန်သွား၊
ပျော်မွေ့ရာကိုပစ်ထား၊
ဝမ်းမြောက်ရွှင်လန်းခြင်းစဉ်တည်ရာ၊
ကောင်းကင်ဘုံသွားလိုပါ။

 

Exit mobile version