မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 222 ၂၂၂ အိုယေရှု။ ကျွန်ုပ်ဂတိရှိပြီကျူး။ သီချင်းစာသားများ
၁ အဆုံးတိုင်အောင်မှုဆောင်မည်၊
ကျွနိုပ်ဂတိရှိပြီ။
ကိုယ်တော်ရှင်သည်အနားမှာ
အစဉ်ရှိတော်မူပါ
ကိုယ်တော်အရှင်ရှိခဲ့လျှင်
ကြောက်ရာဘာမျှမမြင်။
ကိုယ်တော်ရှင်လမ်းပြသောခါ
လမ်းသည်မလွဲနိုင်ပါ။
၂ ကျွန်ုပ်နားမှာစဉ်နေပါ၊
စုံးစမ်းခြင်းများလှပါ။
လောကသွေးဆောင်ခြင်းများသည်
ပတ်လည်ဝိုင်းလျက်ရှိ၏။
ရန်သူများအတွင်းအပြင်၊
ရှိနေကြသည်အစဉ်၊
ဝိညာဉ်ကိုကွယ်ကာဘို့ရာ
အနီးကြွတော်မူပါ။
၃ တပ်မက်စွဲလန်းမုန်တိုင်းနှင့်
စိတ်လိုလိုက်ခြင်းထဲမှ
မိန့်တော်သံတည်ငြိမ်ကြည်လင်
ကြားခွင့်ပေးပါအရှင်။
မှားမှန်ခွဲခြားသိစေရန်၊
ညွှန်ကြားကိုယ်တော်ထပ်မံ
ကြားနိုင်အောင်နားထောင်ဘို့ရာ
ပြုပြင်ပါ၊ ရှင်ဘုရား။
