Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 217 ၂၁၇ သွားစေလိုရာသွားပါမည်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 217 ၂၁၇ သွားစေလိုရာသွားပါမည်ကျူး။ သီချင်းစာသားများ

 

၁ မြင့်သောတောင်ပေါ်ကိုကျော်၍သွားဘို့။
ပင်လယ်ကြီးကိုလည်းကူးပြီ။
စစ်ပွဲဦးမှာလည်းစစ်ကိုတိုက်ဘို့
အလိုတော်မရှိသော်လည်း။
ဖြစ်စေလိုသမျှဖြစ်ပါမည်။
မသိသောလမ်းကိုရှောက်လှမ်းဘို့ရာ။
ဝိညာဉ်တော်သည်ခေါ်သောခါ၊
ပို့ဆောင်တော်မူရာလိုက်သွားပါမည်။
ကိုယ်တော်ရှင်အားပြန်ကြားဆိုမည်။

ထပ်ဆိုရန်။
ကိုယ်တော်ရှင်စေခိုင်းရာသို့သွားပါမည်။
ပင်လယ်နှင့်တောင်ကိုကျော်ပါမည်။
ပြောစေလိုသမျှစကားကိုပြောမည်။
ဖြစ်စေလိုသမျှဖြစ်ပါမည်။

၂ မေတ္တာစကားများသူတပါးအား၊
ပြောစေလိုသည်ဖြစ်လိမ့်မည်။
အပြစ်လမ်းထဲမှာလွဲနေသူများ။
ရှာစေရန်အလိုရှိမည်။
မှောင်မိုက်သောလမ်းပေါ်ရှောက်သွားရသော်။
လမ်းပြတော်မူပါကိုယ်တော်၊
မိန့်တော်မူရာ၊ ပြန်ပြောဆိုပါမည်။
ပြောစေလိုသမျှကိုပြောမည်။

၃ လယ်ပြင်များထဲမှာမှုဆောင်ဘို့ရာ၊
နေရာရှိသေး၏ထင်သည်။
ကယ်တင်ရှင်ဘို့ရာသက်ရှင်စဉ်ခါ၊
မှုတော်ဆောင်ရန်ရှိသေးသည်။
ကိုယ်တော်ရှင်မြတ်၏ချစ်ကြောင်းကိုသိ
ရှိရှိသမျှဆက်သမည်။
ဖြောင့်သောစိတ်နှင့်အလိုတော်လိုက်မည်။
ဖြစ်စေလိုသမျှဖြစ်ပါမည်။

 

Exit mobile version