မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 21 ၂၁ ချီးမွမ်းခြင်းကျူး။ သီချင်းစာသားများ
၁ မိုဃ်းအောက်တွင်နေလူမျိုးအပေါင်း၊
ဘုရားမြတ်ကိုချီးမွမ်းကြကုန်။
ဘာသာစကားမျိုးမျိုးတွင်ပေ၊
ဝမ်မြောက်စွာသီချင်းဆိုပါစေ။
၂ ကရုဏာတော်အစဉ်တည်၏၊
ဂတိတော်များမြဲအံ့သတည်း။
ချီးမွမ်းခြင်းသံ၊ မြေကြီးပတ်လုံး၊
လွင့်သွားပါစေ၊ ကမ္ဘာထက်ဆုံး။
၃ မှန်သောဘုရားကိုးကွယ်သူများ၊
ရွှင်လန်းစွာသီချင်းဆိုကုန်ပါ။
ဝမ်းနည်း၊ စိတ်ပူပန်ခြင်းပယ်ရှောင်၊
ကရုဏာတော်ချီးမွမ်းကြကုန်။
၄ ဤလောကတွင်ဒုက္ခခံစဉ်၊
ကောင်းကင်ချမ်းသာမြတ်ကိုမြောက်လင့်၊
ဘုရားကျေးဇူးအောက်မေ့ခိုလှုံ၊
သီချင်းဆိုလျက်ဝမ်းမြောက်ကြကုန်။
