မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 198 ၁၉၈ ကိုယ်တော်နှင့် နီးစေပါကျူး။ သီချင်းစာသားများ
၁ ကိုယ်တော်နှင့် နီးစေပါ၊
ကျွန်ုပ်ဘုရား။
ကားတိုင်ဖြင့်မြှောက်သော်လည်း
ဤပဌနာ။
အစဉ်လျှောက်ထားလိုပါ၊
ကိုယ်တော်နှင် နီးစေပါ၊ ကျွန်ုပ်ဘုရား။
၂ ထွက်ပြေးယာကုပ်ကဲ့သို့၊
နေဝင်ပြီးမှ၊
ကျောက်ခဲသာခေါင်းအုံးဘို့၊
ရနိုင်သော်ကား၊
ညဉ့်နက်တွင်အိပ်မက်မှာ၊
ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။
၃ စီရင်တော်မူသမျှ။
ကျွန်ုပ်ရှောက်ရာ
ကောင်းကင်လမ်းတက်လှေကား
ဖြစ်စေမူပါ။
ကောင်းကင်သားနှင့် တကွ၊
ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။
၄ သို့လျှင်၊ နိုးသောအခါ၊
ချီးမွမ်းစိတ်ရှိ၊
ဒုက္ခကျောက်ခမြှားဖြင့်၊
ဗေသလတည်မည်။
ဆင်းရဲအားဖြင့်လျှင်သာ၊
ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား၊
၅ သို့တည်းမဟုတ်၊ ဝမ်းသာ
ရွှင်မြူးသဖြင့်၊
နေလ၊ ကြယ်များလွန်လျက်၊
ပျံတက်ရလျှင်၊
အစဉ်ပင်လျှောက်လိုပါ။
ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။
