Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 191 ၁၉၁ စုဝေးခြင်းကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 191 ၁၉၁ စုဝေးခြင်းကျူး။ သီချင်းစာသားများ

 

၁ သခင်ယေရှု၊ တပည့်တော်များ၊
ဆုတောင်းလို၍စုဝေးရာရာ၊
ခပ်သိမ်းအရပ်သန့်ရှင်းဋ္ဌာန။
ကျေးဇူးပလ္လင်တော်သို့ချဉ်းရ။

၂ ကျောင်းတိုက်တွင်သာနေတော်မဟုတ်
နှိမ့်ချနှလုံးတွင်ပင်ကိန်းဝပ်။
ထိုသို့သူသည်သွားလေရာရာ၊
ကိုယ်တော်အစဉ်ပါဆောင်လျက်သာ။

၃ ချစ်သိုးထိန်းရှင်၊ အထက်နည်းတူ၊
ကိုယ်တော်ရွေးချယ်နည်းပါးသောသူ၊
ယခုငံ့စောင့်ကျွန်ုပ်တို့အား၊
ကယ်ချွတ်နာမတော်ဘော်ပြပါ။

 

Exit mobile version