Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 169 ၁၆၉ ငါသည်အသက်ရှင်ရာကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 169 ၁၆၉ ငါသည်အသက်ရှင်ရာကျူး။ သီချင်းစာသားများ

 

၁ ငါသည်အသက်ရှင်ရာ၊
ခရစ်တော်ပင်ဖြစ်၏။
သေလျှင်မူကား၊ အကျိုးချမ်းသာ
သာ၍ထူးမြတ်အံ့တည်း။

၂ သခင်ဘုရားအတွက်၊
လက်ဝါးကပ်တိုင်တော်ကို
ငါအားရသောစိတ်နှင့်ထမ်းလျက်
ဒုက္ခခံမည်မျိုးမျိုး။

၃ ငါအာဂန္တုဖြစ်သည်။
ညတိုင်းစခမ်းချလျှင်
တနေ့တခြားထက်ကောင်းကင်နီး၊
ယာယီပျက်ဘို့မြှော်လင့်။

၄ သခင်ဘုရားအတူ၊
သမ္မာလမ်းကြောင်းရှောက်မည်။
ကိုယ်တော်အတူဆင်းရဲခံသူ
အဆုံး၌အောင်မြင်သည်။

၅ တောင်ထိပ်ပေါ်အရုဏ်တက်၊
အဝေးကမြင်ရသည်။
ဤလောကမှောင်မိုက်ကွယ်ပျောက်လျက်။
မိုဃ်းသောက်လင်းစရှိပြီ။

၆ တောင်းဝေးချထားဘို့ရာ၊
အချိန်ရောက်လုနီးပြီ။
အနတ္တဖြင့်မမြှူနိုင်ပါ။
သရဖူဆောင်းတော့မည်။

၇ အဆုံးတိုင်တည်ကြည်သော်၊
သာ၏ဓု၊ ငယ်သားငါ့ထံ
လာလော့မိန့်တော်မူသောသံကို
ငါကြားဘို့နီးလေအံ့။

 

Exit mobile version