Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 161 ၁၆၁ ကောင်းကင်ကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 161 ၁၆၁ ကောင်းကင်ကျူး။ သီချင်းစာသားများ

 

၁ နားထောင်၊ ငါ့ဝိညာဉ်၊ ကောင်းကင်သီချင်းသံများ၊
မြေပြင်စိမ်းလန်း၊ ပင်လယ်ကမ်းကျော်ကျူးသည်
ထိုသာယာသောမင်္ဂလာသီချင်းသံကား၊
ပြစ်ကင်းရာဘဝကိုပြောသတည်း။

ထပ်ဆိုရန်။
ယေရှုတမန်၊ အလင်းတမန်များ၊
သီချင်းသံဖြင့်၊ ညဉ့်ခရီးသည်များဘိတ်ကြား။

၂ သီချင်းသံကြား၊ တိုးတက်လျက်ကျွန်ုပ်တို့သွား၊
ပင်ပန်းသူများ၊ လာပါ၊ ယေရှုခေါ်သည်။
သာယာသောမဲ့တင်မစဲ၊ မှောင်မိုက်ထဲမှ။
အိမ်သို့ညွှတ်သောတရားတော်သံပေတည်း။

၃ ဝေးရပ်သောရပ်မှ၊ ညဦးယံခေါင်းလောင်းသံလို၊
ယေရှုသံတော်၊ မြေ၊ ပင်လယ်ပေါ်ကျော်ကျူး။
ထောင်၊ သောင်းမက၊ ဝန်လေးလှသောသူတို့ကို၊
ရှင်သိုးထိန်းသွေးဆောင်၊ ထံတော်သို့ပို့မူ။

၄ ဤပစ္စုပ္ပါန်၌ငြီးငွေ့ရှည်လျားသော်လည်း
မှောင်မိုက်လွန်သွား၊ ချမ်းသာနေ့ပေါ်လာရ။
မောပန်းသူများခရီးကုန်ဆုံးသောကာလ၊
ဝိညာဉ်စံရာရွှေပြည်တော်သို့ဝင်မည်။

၅ သစ္စာစောင့်ထိန်းရွှေကောင်းကင်သားများတို့လေ၊
ချိုသာလှကောင်းကင်သီချင်းဆိုဦးကြ။
ညဉ့်ငိုကြွေးသံ၊ နံနက်ဝမ်းမြောက်ခြင်းဆုံးစေ။
ရှည်လျားမှောင်ရိပ်၊ မေတ္တာတော်၌လင်းရာ။

 

Exit mobile version