မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 157 ၁၅၇ လာလိုသူတိုင်း လာနိုင်ခြင်းကျူး။ သီချင်းစာသားများ
၁ ကြားရသောသူတိုင်း၊ သိတင်းတော်မြတ်လွှင့်ပါ၊
လောကတရှောက်လုံးမင်္ဂလာသိတင်းကြော်ငြာ၊
ဝမ်းမြောက်ဖွယ်သိတင်း၊ လူတိုင်းတို့အားကြွေးကြော်၊
လာလိုသူတိုင်းလာကြလော့။
ထပ်ဆိုရန်။
လာလိုသောသူတိုင်း၊ လာနိုင်ကြောင်းကြွေးကြော်
တောင်ပေါ်တောင်ကြား၊ ထိုသိတင်းတော်မြတ်လွှင်လော့။
လမ်းလွဲသောသူအား၊ ချစ်ဘခင်ခေါ်မူလေ။
လာလိုသောသူတိုင်းလာနိုင်ပေ။
၂ လာလိုသောသူတိုင်းဆိုင်း၍မနေလေရာ
တံခါးသည်ပွင့်နေစဉ်၊ ဝင်လိုလျှင်ဝင်ပါ။
ယေရှုရှင်သည်မှန်သောအသက်လမ်းဖြစ်ပေ၊
လာလိုသောသူတိုင်းလာနိုင်လေ။
၃ လာလိုသောသူတို့၊ ဂတိတော်မြတ်မြဲတည်၊
လာလိုသောသူသည် အစဉ်သည်းခံရမည်။
လာလိုသောသူထာဝရအသက်ရချေ၊
လာလိုသောသူတိုင်းလာနိုင်ပေ။
