Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 146 ၁၄၆ ချထားပါကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 146 ၁၄၆ ချထားပါကျူး။ သီချင်းစာသားများ

 

၁ လာ၊ ပြစ်ရှိသူ၊ လာ၊ ခေါ်တော်မူခါ၊
ခြေတော်ရင်းသို့လာ။
အို၊ လာ၊ နောင်တရရှိရှိသမျှ
ခြေတော်ရင်းမှာထား။

ထပ်ဆိုရန်။
အို၊ ခြေတော်ရင်းမှာချထား၊
လေးလှဝန်ကိုချထားပါ၊
အို၊ ချထားပါ၊ ချထားပါ၊
ယေရှုခြေရင်းမှာ။

၂ လာပါ၊ ယုံကြည်လျက်ငြိမ်သက်ရာရှာ၊
ယေရှုခြေရင်းမှာ။
သင်၏နှလုံးဝန်လေး၊ မောပန်းလှ၊
ခြေတော်ရင်းမှာထား။

၃ လာ၊ သင်ယုံကြည်ခြင်းချမ်းသာစေမည်၊
ယေရှုခြေရင်းမှာ။
သင်၏ပူပန်ဒုက္ခရောက်ဝိညာဉ်
ခြေတော်ရင်းမှာထား။

၄ လာပါ၊ သင့်ဘို့နေရာရှိပေသည်၊
ယေရှုခြေရင်းမှာ။
သင်၏ဝန်ထုပ်ဘယ်အရာမဆို
ခြေတော်ရင်းမှာထား။

 

Exit mobile version