Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း 14 ၁၄ ထောမနာကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း 14 ၁၄ ထောမနာကျူး။ သီချင်းစာသားများ

 

၁ ဘုရားမှုဆောင်ကောင်းကင်ဘုံသား
ဘုရားအရှင်မြတ်ကို၊
သာယာသံနှင့်ချီးမွမ်းမြှောက်စား၊
ထူးမြတ်ဂုဏ်တော်မြွက်ဆို။

၂ ကောင်းကင်ပြင်ဝယ်၊ ထွန်းတောက်သောနေ၊
ညဉ့်လည်းသာယာသောလ၊
ကာရာနက္ခတ်၊ ကြယ်ပေါင်းတို့လေ၊
ဘုရားချီးမွမ်းထွန်းပ။

၃ ကောင်းကြီး၊ ကောင်းငယ်၊ သွားတတ်သောပိုး၊
ကောင်းကင်ကျင်လည်သောငှက်၊
သားရဲ၊ သားယဉ်၊ ခပ်သိမ်းသောမျိုး။
ဂုဏ်တော်ချီးမွမ်းဆက်ဆက်။

၄ မြစ်ကြီး၊ မြစ်ငယ်၊ ချောင်းဝ၊ ချောင်းဖျား၊
နေသောငါးမျိုးလုံးစုံ၊
ရပ်ခေါင်း၊ မြို့အုပ်၊ ဝန်ကြီး၊ မင်းသား၊
ဘုရားချီးမွမ်းကြကုန်။

၅ အပျိုကညာ၊ သက်ငယ်လုံမ၊
လူပျို၊ နို့စို့၊ ငယ်သား၊
ဘိုးကြီး၊ ဘွားကြီး၊ ခေါင်းဖြူ၊ အိုလှ၊
ဘုရားချီးမွမ်းကုန်ပါ။

၆ ဝေနေပုဂ္ဂိုလ်ရှိရှိသမျှ၊
အသက်ရှူသောအရာ၊
အယုတ်၊ အမြတ်၊ အမျိုးစစ၊
ဘုရားချီးမွမ်းကုန်ပါ။

 

Exit mobile version