မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 13 ၁၃ ချီးမွမ်းခြင်းကျူး။ သီချင်းစာသားများ
၁ ကောင်းကင်ဘုံရှင်ဘုရင်မြတ်အား
ချီးမွမ်းကျူးရန်ချဉ်းကပ်ကြ။
ပြစ်လွှတ်၊ ရွေးနုတ်ကယ်တင်ရှင်အား၊
သံပြိုင်ဧကျူးချီးမွမ်းကြ။
(ချီးမွမ်း ချီးမွမ်း)၂
ဘုရားရှင်အားချီးမွမ်းကြ။
၂ အနန္တမဟာကရုဏာ၊
ဒုက္ခစိတ်တွင်ကိန်းဝပ်ခါ၊
ကောင်းကြီးလျင်မြန်ပေးသောရှင်အား။
စဉ်မပြတ်ချီးမွမ်းကုန်ပါ၊
(ချီးမွမ်းချီးမွမ်း)၂
ဘုန်းတော်မြတ်ကိုချီးမွမ်းကြ။
၃ ကောင်းကင်သားတို့ကိုးကွယ်သည်နည်း။
ကျွန်ုပ်တို့လည်းဝတ်ပြုမည်၊
ဝေနေယျသတ္တဝါပေါင်းတို့
ဒူးထောက်လျက်ဦးညွတ်ကြစို့။
(ချီးမွမ်းချီးမွမ်း)၂
ကျေးဇူးတော်ကိုချီးမွမ်းဆို။
