မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 112 ၁၁၂ သိုးသငယ်တော်ကျူး။ သီချင်းစာသားများ
၁ ယုဒပူဇော်သက္ကာ၊
ယဇ်ကောင်မျိုးမျိုးအသွေး၊
အပြစ်မှလွတ်၊ စိတ်ငြိမ်းစိမ့်ငှါ၊
အလျှင်းမတတ်နိုင်လေ။
၂ သိုးငယ်ခရစ်တော်ကား၊
ထိုယဇ်များထက်ထူးမြတ်။
သွေးတော်အဘိုး၊ အလွန်ထိုက်စွာ၊
အပြစ်ခပ်သိမ်းလွှတ်တတ်၊
၃ အကျွန်ုပ်ယုံပါ၏။
မြတ်ခေါင်းတော်၌လက်တင်၊
နောင်တရလျက်၊ အပြစ်ရှိရှိ
ဝန်ချပါ၏သခင်။
၄ လက်ဝါးကပ်တိုင်အပေါ်၊
ကိုယ်တော်ခံသောပြစ်ဒဏ်၊
အကျွန်ုပ်အောက်မေ့ ဆင်ခြင်သော်။
ကျွန်ုပ်အတွက်ထင်ဝံ့။
၅ အိုကောင်းကင်ယဇ်၊ သိုးငယ်၊
ယုံကြည်သူကျွတ်ရာသည်
ကျွန်ုပ်မြင်သော၊ စိတ်ငြိမ်း၊ ကိုးကွယ်၊
မေတ္တာတော်ချီးမွမ်း၏။
