မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း 111 ၁၁၁ တံခါးများတို့နိုးကြားကျူး။ သီချင်းစာသားများ
၁ တံခါးများတို့၊ နိုးကြားဆော်ဩ
အရှင်သခင်၊ ကြွဝင်မူမည်။
ဘုရင်ရှင်မင်း၊ သက်ဆင်းထင်ပေါ်၊
ကယ်တင်ရှင်ဝင်ရောက်ရလေပြီ။
၂ လွန်ကျယ်စွာဖွင့်၊ သင့်စိတ်နှလုံး၊
သီးသန့်ဗိမာန်၊ လွန်စံရာပေ။
လောကုတ္တရာ၊ ဤလောကဆုံး၊
ဆုတောင်းစဉ်၊ ပျော်ရွးင်ချစ်ခင်စေ။
၃ ကြွလာဘုရင်၊ ဝင်ခွင့်ဆက်ပေး၊
ကယ်တင်ရှင်၊ စိတ်တွင်တည်မူပါ။
စိတ်တွင်း၌ကိန်းဝပ်မူကြောင့်ပေ၊
ဆုကျေးဇူးဖွင့်ပြကျူးဧရာ။
