Site icon Treasure Hymns- Myanmar

ဓမ္မသီချင်း ၃၆၀ နိုင်ငံတော်တည်ခြင်းကျူး။ သီချင်းစာသားများ

မြန်မာခရစ်စမတ် ဓမ္မသီချင်း

ဓမ္မသီချင်း ၃၆၀ နိုင်ငံတော်တည်ခြင်းကျူး။ သီချင်းစာသားများ

 

၁ နေ၊ လချိန်မှာပြေးသောခရီး၊
ယေရှုသည်စိုးစံတော်မူမည်။
မြေကြီးအစွန်းတိုင်အောင်ဧကန်၊
နိုင်ငံတော်မြတ်အစဉ်ကျယ်ဝန်း၊

၂ ကျေးဇူးတော်ကိုချီးမွမ်းအသံ
အစဉ်အဆက်ကြားရလတံ့။
နာမတော်ကိုအမှီပြု၍၊
နံနက်တိုင်းဆုတောင်းရချိမ့်လေ။

၃ ဘာသာစကားအမျိုးမျိုးသည်။
မေတ္တာတော်ကိုချီးမွမ်းကြ၏။
သူငယ်များလည်းဂုဏ်ကျေးဇူးတော်
အသံချိုနှင့်ဧကျူးကြွေးကြော်။

၄ ယေရှုအုပ်စိုးအရပ်တကာ၊
ကောင်းကျိုးကြွယ်ဝတိုးပွါးများပြား။
ဆင်းရဲပင်ပန်းသူတို့အားလုံး
ချမ်းသာကြမည်ကမ္ဘာမဆုံး။

၅ ရောဂါပျောက်စေတန်ခိုးတော်ဖြင့်၊
သေခြင်းအမင်္ဂလာပယ်ရှင်း။
အာဒံ၏သားအမျိုးမျိုးသည်၊
အကျွတ်တရားကိုရနိုင်၏။

၆ ငါတို့ဘုရင်ဘုန်းတော်ထောက်၍
လူသတ္တဝါချီးမြှောက်ပါစေ။
ထက်ကောင်းကင်သားအပေါင်းကျူးရင့်၊
အောက်မြေကြီးပဲ့တင်သံ၊ အာမင်။

 

Exit mobile version