မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၃၃ မြို့တော်၏ဘုန်းဂုဏ်ကျူး။ သီချင်းစာသားများ
၁ အို၊ ဘုရားသခင်၏မြို့တော်
ဇိအုန်မြို့သည်မြတ်လှ၏။
ကိန်းဝပ်တော်မူရာရွှေမြို့တော်
ဗျာဒိတ်တော်အတိုင်းဖြစ်သည်၊
အနန္တကျောက်တော်ပေါ်မှာတည်
မည်သူလှုပ်ရှာနိုင်မည်နည်း
ကယ်တင်ခြင်းမြို့ရိုးနှင့်ဝိုင်းလျက်
ရန်သူကိုလျစ်လျူရှုသည်။
၂ ထာဝရမေတ္တာတော်ထဲမှ
သွင်သွင်စီးနေသက်စမ်းရေ
မြို့တော်သားသမီးတို့သောက်လျက်၊
ရောင့်ရဲခြင်းသို့ရောက်ကြသည်။
ထိုသို့သောမြစ်ရေရှိခဲ့သော်၊
မည်သူ၊ အားလျော့နိုင်မည်နည်း။
ပြုမူသောဘုရားနှင့်တူလျက်
ကျေးဇူးတော်အဆုံးမရှိ။
၃ မြို့တော်၏စာရင်းတော်ထဲတွင်
ကျွန်ုပ်အမည်မှတ်သွင်းလျှင်၊
လောကီသူပျက်ရယ်ပြုသော်လည်း၊
ဝါကြွားခြင်းသာရှိပါမည်။
အပြစ်ရှိသူပျော်မွေ့ခြင်းနှင့်
ဂုဏ်လုပ်ခြင်းပျယ်ပျောက်ဆဲရှိ။
အဘိုးထိုက်မြဲတည်မွေ့လျော်ခြင်း၊
မြို့တော်သူအပြင်မရှိ။
