မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၂၅ ဥပုသ်နေ့ကျူး။ သီချင်းစာသားများ
၁ သခင်ထမြောက်ရာနေ့၊
နှစ်သက်လှဘွယ်ဥပုသ်၊
မြတ်မင်္ဂလာဖြစ်စေသတည်း၊
ငါ့စိတ်အလွန်ဝမ်းမြောက်။
၂ ယနေ့သခင်ကြွလျှင်၊
တပည့်တော်များကိုကျွေး။
ကိုယ်တော်ကိုပင်၊ ဤဗိမာန်တွင်၊
တွေ့ကြုံဆက်ဆံရလေ။
၃ ယေရှုရှင်ဆက်ဆံလျက်၊
မွေ့လျော်စွာနေ့တနေ့၊
အပြစ်ပျော်ရာတသောင်းနေ့ထက်၊
သာနှစ်သက်ဘွယ်ဖြစ်လေ။
၄ ငါ့စိတ်သာယာပျော်ရွှင်၊
မြတ်ကောင်းကင်ရွှေပြည်သို့၊
ခေါ်သံတော်ကြားရအောင်တိုင်လျှင်၊
ဤသို့အစဉ်နေလို။
