မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၁၆ ဒံယေလကိုထောက်၍နှိုးဆော်ကျူး။ သီချင်းစာသားများ
၁ ပညတ်တော်တိုင်းလိုက်လျှောက်၍၊
သေရည်သေရက်ကို။
ရှောင်ဝံ့ဒံယေလချီးမွမ်း။
သာ၏ဓုခေါ်ကြကုန်စို့။
ထပ်ဆိုရန်။
တယောက်တည်းနေသော်လည်း၊
ဒံယေလကဲ့သို့။
ယစ်မျိုးမြဲရှောင်ခြင်းအကြောင်း၊
ကြားပြောဝံ့ကြစို့။
၂ ဒံယေလကဲ့သို့မပြု။
ရဲရင့်စွာမနေ။
ရှက်ကြောက်သဘောရှိသူတို့၊
ပျက်စီးခြင်းသို့ရောက်လေ။
၃ လောဘ၊ ဒေါသ၊ မိုက်မဲခြင်း၊
များစွာရှိသော်လည်း။
ဒံယေလနည်းလိုက်သူတို့၊
တိုက်လျှင်၊ ကွယ်ပျောက်စေမည်။
၄ စာတန်လူဆိုးမကြောက်ဘဲ၊
ဒံယေလအောက်မေ့။
ဧဝံဂေလိအလံကို
ခိုလှုံအောင်မြင်ကြလေ။
