မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၃၁၂ စွန့်ပြစ်၍မထားကျူး။ သီချင်းစာသားများ
၁ လျှပ်စစ်ပြက်ခြင်းကိုမြင်ရပြီ၊
မိုချုန်းသံလည်းကြားရ၏၊
ကျွန်ုပ်၏ဝိညာဉ်ကိုအောင်ရန်၊
အပြစ်လှိုင်းလိုခတ်သည်။
ခုခံ၍တိုက်ခိုက်အောင်မြင်ရန်၊
ယေရှုမိန့်သံကြား၏
တယောက်တည်း သင့်ကိုဘယ်ခါမျှ
ငါသည်စွန့်ပစ်၍မထား။
ထပ်ဆိုရန်။
သင့်တယောက်တည်းသာ စွန့်ပစ်၍မထား၊
ကတိတော်ရှိသည်ကား၊ ငါသည်စွန့်ပစ်၍မထား။
၂ လောကစုံစမ်းနှောက်ရှက်ခြင်းများ၊
မုန်တိုင်းလိုတိုက်လျက်လာ၊
ကယ်ချွတ်ပိုင်ရှင်သည် အနားမှာ၊
ရပ်သောကြောင့် ချမ်းသာရ။
လောကမိတ်ဆွေများစွန့်သောခါ၊
ဘေးမှကိုယ်တော်ကွယ်ကာ
တယောက်တည်းသင့်ကိုဘယ်ခါမျှ၊
ငါသည်စွန့်ပစ်၍မထား။
၃ စုံစမ်းနှောက်ယှက်ရာချိုင့်တည်းမှ
စိုးရိမ်ခြင်းလမ်းလျှောက်သွား။
လက်ဝါးကပ်တိုင်တော်လေးသောခါ၊
ကိုယ်တော်ရှင်သည်မစ။
ကျွန်ုပ်ခြေကို မကူညီလျှင်၊
တိုင်တော်ပစ်ချထားချင်။
တယောက်တည်းသင့်ကိုဘယ်ခါမျှ၊
ငါသည်စွန့်ပစ်၍မထား။
၄ တောင်ပေါ်မှာကိုယ်တော်သေခံပြီ၊
နံဘေးကိုထိုးဖေါက်သည်။
ကိုယ်တော်သည် ကျွန်ုပ်တွက်သာ၊
သွေးတော်မြက်ကိုသွန်းရှာ။
ကောင်းကင်ပလင်ပေါ်မှာထိုင်၍၊
ကျွန်ုပ်ကိုစောင့်လျက်နေ၊
တယောက်တည်းသင့်ကိုဘယ်တော့မျှ။
ငါသည်စွန့်ပစ်၍မထား။
