မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၂၉၉ ကောင်းပေသည်ကျူး။ သီချင်းစာသားများ
၁ ငြိမ်သက်ခြင်းမြစ်လိုကျွန်ုပ်ကိုလမ်းပြသည်၊
ဝမ်းနည်းခြင်းပင်လယ်လှိုင်းလိမ့်လို။
ကိုယ်တော်ကျွန်ုပ်အားသင်သောအရာများသည်။
ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဉ်ဘို့။
ထပ်ဆိုရန်။ –
ကောင်းပေသည်၊ ဝိညာဉ်ဘို့။
ကောင်းပေသည်၊ ကောင်းပေသည်၊ ဝိညာဉ်ဘို့။
၂ စာတန်နှောင့်ရှက်၍စုံစမ်းခြင်းရောက်သော်လည်း၊
ဂတိတော်မြတ်တည်မြဲပါစေ။
ခရစ်တော်ကျွန်ုပ်အားနည်းခြင်းထောက်ရှုပြီ၊
ကျွန်ုပ်ဝိညာဉ်ဘို့သွေးတော်သွန်းလေ၊
၃ အိုအံ့ဘွယ်ချစ်ခြင်းမေတ္တာတော်အောက်မေ့သော်၊
ငါ၏အပြစ်အားလုံးတို့ပင်၊
ငါမှလွတ်ရှင်းကွာ၊ ဆွဲခြင်းခံတိုင်တော်ပေါ်၊
ကိုယ်တော်အားချီးမွမ်းလော့ ငါဝိညာဉ်။
၄ နောက်ဆုံးနေ့၌ကိုယ်တော်သက်ဆင်းကြွသောခါ၊
မိုဃ်းတိမ်ရီမှောင်လွင့်ပျောက်လိမ့်မည်။
ကိုယ်တော်ဤလောကသို့ဆင်းသက်ကြွလာရာ။
ကျွန်ုပ်ဝိညာဉ်ဘို့ကောင်းလှပေသည်။
