မြန်မာခရစ်စမတ် ဓမ္မသီချင်း
ဓမ္မသီချင်း ၂၈၆ လုံးလုံးယုံကြည်လျက်ကျူး။ သီချင်းစာသားများ
၁ ယုံမှားခြင်းများကိုယ်တော်မြတ်အား၊
ဂတိတော်ကြောင့်အပ်၍ထား။
နောက်တဖန်ရှုတ်ထွေးခြင်းကင်းမည်၊
ဂတိတော်ယုံသောကြောင့်တည်း။
ထပ်ဆိုရန်၊
နှုတ်ကပတ်တော်စုံလင်လှစွာ၊
ကျွန်ုပ်ကပတ်တော်စုံလင်လှစွာ၊
ကျွန်ုပ်ကပတ်တော်စုံလင်လှစွာ၊
ကျွန်ုပ်ယုံကြည်လျက်ရှိပါ။
၂ ယေရှုပေါ်မှာတင်ထားပြစ်များ၊
သွေးတော်မြတ်ဖြင့်ဆေးကြောပြီ။
သန့်ရှင်းစေမည်အကျွန်ုပ်အား၊
အိမ်တော်မြတ်သို့ပို့ဆောင်မည်။
၃ ကြောက်ရွံ့ခြင်းယေရှုအားပေးထား၊
ရင်ခွင်တော်မှာငြိမ်းရာရ။
ကျွန်ုပ်လမ်းသည်မှောင်မိုက်သော်လည်း။
အလင်းတော်စဉ်ထွန်းသတည်း။
၄ ဝမ်းမြောက်ခြင်းယေရှုအားပေးထား၊
ထံတော်မှာချမ်းသာတွေ့ရာ။
ကိုယ်တော်ရှင်လောကကိုပိုင်၏၊
လိုသမျှကိုယ်တော်၌ရှိ။
၅ ဖြစ်သမျှ၊ ကိုယ်ကာယ၊ ဝိညာဉ်
ရှိသမျှမြော်လင့်ရာများ။
သက်ထာဝရကာလအစဉ်၊
ယေရှုအားကျွန်ုပ်ပေးထား။
